ဖုန်လိယွမ် နှင့် ပိုလန်သမ္မတ၏ဇနီး Agata တို့သည် တရုတ် အမျိုးသား ဇာတ်ရုံကြီးသို့ သွားရောက်ကြည့်ရှု

(GMT+08:00)2024-06-25 11:55:00  

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ဇနီး ဖုန်လိယွမ်သည် တရုတ်နိုင်ငံကို ရောက်ရှိနေသည့် ပိုလန်သမ္မတ ၏ဇနီး Agata နှင့်အတူ တရုတ် အမျိုးသား ဇာတ်ရုံကြီးသို့ သွားရောက် ကြည့်ရှုခဲ့ သည်။

ဖုန်လိယွမ်က တရုတ်နှင့် ပိုလန် နှစ်နိုင်ငံတို့သည် ရှည်လျားသော သမိုင်းအစဉ်အလာများနှင့် လေးနက်သော ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြပြီး လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံအကြား လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများသည် ပိုမိုတက်ကြွလာကြောင်း၊ တရုတ်နိုင်ငံနှင့် ပိုလန် နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုများ ဆက်တိုက် တိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုသည်လည်း ပိုမို နက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။ Agata က တရုတ်ရိုးရာယဉ်ကျေးမှုသည် အလွန် ကြွယ်ဝပြီး မိမိ၏စိတ်ထဲတွင် လေးလေးနက်နက် စွဲ ကျန်ရစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကူးလူး ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန် နှင့် နှစ်နိုင်ငံ ပြည်သူ များ အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။