ရှီကျင့်ဖိန်သည် လကမ္ဘာ စူးစမ်းလေ့လာရေး ချန်အယ် အမှတ် ၆ အာကာသယာဉ်၏ လုပ်ငန်း တာဝန် ပြီးမြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-06-25 17:05:57  

ယခုလ ၂၅ရက်နေ့ ညနေ ၂နာရီ ၇မိနစ် အချိန်က ချန်အယ် အမှတ် ၆ re-entryယာဉ် သည် လကမ္ဘာ ကျောဘက်မှ လကမ္ဘာ နမူနာကို ပြန်လည်သယ်ဆောင်ပြီး အတွင်းမွန်ဂိုး စီဇီဝမ်-ဒေသခွဲရှိ သတ်မှတ်ထားသည့် နေရာသို့ ဘေးကင်းလုံခြုံစွာ ပြန်လည် ဆင်းသက် လာပါသည်။

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ပြီး လကမ္ဘာ စူးစမ်းလေ့လာရေး ချန်အယ် အမှတ် ၆ အာကာသယာဉ်၏ လုပ်ငန်း ကွပ်ကဲမှု ဌာနနှင့် ၄င်းလုပ်ငန်းတာဝန်ကို ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြု ခဲ့ကြောင်း သတင်းအရ သိရပါသည်။