Wiki Leaks တည်ထောင်သူ Assange သည် ဗြိတိန်အကျဉ်းထောင်မှ လွတ်မြောက်ပြီး ဩစတြေး လျ နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာ

(GMT+08:00)2024-06-25 12:57:12  

ဇွန်လ ၂၄ ရက်နေ့က Wiki Leaks ဝက်ဘ်ဆိုဒ် တည်ထောင်သူ Julian Assange သည် ဗြိတိန်အကျဉ်းထောင်မှ လွတ်မြောက်ပြီး ဩစတြေးလျနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွား ပြီ ဖြစ်ကြောင်း Wiki Leaks ဝက်ဘဆိုက်တွင် ဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက်နေ့က အမေရိကန်တရားရေးဌာနသည် ဖက်ဒရယ်တရားသူကြီးချုပ်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ ၎င်းစာထဲတွင် Wiki Leaks တည်ထောင်သူ Assange သည် သူလျှို ဥပဒေကို ချိုးဖောက်သည်ဟု ဝန်ခံခဲ့ ပြီး လာမည့်ရက်အနည်းငယ်တွင် မြောက်ပိုင်းမာရီယာကျွန်းစုရှိ အမေရိကန် တရားရုံးသို့ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထား သည်။ ဝန်ခံစာချုပ်ကို ဇွန်လ ၂၆ ရက်နေ့တွင် အပြီးသတ် အတည်ပြုမည်ဖြစ်ကြောင်း၊ ဝန်ခံစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်တရားရေးဌာနမှ ရှေ့နေအရာရှိများက Assange အား ထောင်ဒဏ် ၆၂ လ ချမှတ်ရန် အကြံပြုထားကြောင်း သတင်းအရ သိရပါသည်။