၁၅ကြိမ်မြောက် နွေရာသီဒါဗို့စ်ဖိုရမ်ကို ယနေ့တွင် စတင်ကျင်းပ

(GMT+08:00)2024-06-25 15:02:12  

၃ရက်ကြာကျင်းပမည့် ၁၅ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို ဇွန်လ ၂၅ရက်နေ့ ဒီကနေ့မှာ တာ့လျန်မြို့၌ စတင်ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ကျင်းပသည့် ဖိုရမ်သို့ နိုင်ငံနှင့်ဒေသ ၈၀နီးပါးမှ ကိုယ်စားလှယ်များ ၁၆၀၀ကျော် တက်ရောက်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်သည် “အနာဂတ် ကြီးထွားလာသော ရှေ့တန်းသစ်”  (Next Frontiers for Growth)ကို ဆောင်ပုဒ်အဖြစ်ထားကြောင်း၊ နိုင်ငံရေး လောက၊ စီးပွားကုန်သွယ်ရေးလောက၊ လူမှုရေးအဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် “တစ်ကမ္ဘာလုံး စီးပွားရေးသစ်”၊ “တရုတ်နှင့်ကမ္ဘာ”စသော ရှုထောင့်၆ခုနှင့်ပတ်သက်၍ လေ့လာဆွေးနွေးကြပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စွမ်းအားသစ်ကို ဖြစ်ထွန်းရန် အကြံပြုချက်များကို တင်ပြ ကြကြောင်း သတင်းရရှိပါသည်။