ရှန်းတုန်းပြည်နယ် ယမ်ထိုင်ဆိပ်ကမ်းတွင် ဇန်နဝါရီလမှ မေလအထိ မော်တော်ကားကုန်တင်ကုန်ချမှု ပမာဏမှာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၃၀ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2024-06-25 13:00:06  

    ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ရှန်းတုန်းပြည်နယ် ယမ်ထိုင်ဆိပ်ကမ်းတွင် မော်တော်ကား ကုန်တင်ကုန်ချမှု အရေအတွက်မှာ ၂ သိန်း ၈ သောင်း ၈ ထောင်ကျော်ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၃၀.၂ ရာခိုင်နှုန်း တိုးများလာကြောင်း စာရင်းအရ သိရပါသည်။ လွန်ခဲ့သည့် နှစ်များတွင် ရှန်းတုန်းကျွန်းဆွယ်မြောက်ပိုင်းရှိ ယမ်ထိုင်ဆိပ်ကမ်းတွင် မော်တော်ယာဉ် ပို့ဆောင်ရေး အချက်အချာနေရာအဖြစ် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံခြား ကုန်သွယ်မှု မော်တော်ယာဉ် အတွက် လမ်းကြောင်း ၉ ခုနှင့် ပြည်တွင်း ကုန်သွယ်မှု မော်တော်ယာဉ် အတွက် လမ်းကြောင်း ၅ ခုကို ဖွင့်လှစ်ထားပြီဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်ကို  ဆက်စပ်ပေး ခဲ့ပါသည်။