ဖိလစ်ပိုင်အနေနှင့် အခွင့်အရေးကို ကျူးလွန်ထိပါးခြင်းနှင့် ရန်စခြင်းကို ရပ်စဲရန်နှင့် နိုင်ငံတကာမိသားစုကြီး အထင်လွဲမှားအောင် လုပ်ဆောင်ခြင်းကို ရပ်စဲရန် တရုတ် လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2024-06-25 11:27:49  

   ဇွန်လ ၂၄ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့၏ တောင်ပင်လယ်ရေးရာနှင့် ပတ်သက်ပြီး သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နှင့် ဖိလစ်ပိုင်တို့၏ ပင်လယ်ရေးရာ အငြင်းပွားမှုဆိုင်ရာ အမှားအမှန် အကြောင်းအရာဖြစ်ရပ်များသည် အလွန်ရှင်းလင်းပါကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင် ရာ အကြောင်းရာ များနှင့် တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက် သဘောထားကို အကြိမ်ပေါင်းများစွာ ရှင်းလင်းဖော်ပြခဲ့ပြီ ဖြစ်ကြောင်း၊ အကယ်၍ ဖိလစ်ပိုင်က အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်လိုပါက ရှေးဦးစွာ ၁၈၉၈ ခုနှစ် Treaty of peace between the United States and Spain စာချုပ် အပါအဝင် ဖိလစ်ပိုင်၏ ပိုင်နက်နယ်မြေ ချမှတ်သည့် စာချုပ်များပါ သတ်မှတ်ချက်တွေကို လိုက်နာ သင့်ပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို လိုက်နာ သင့်ကြောင်း၊ ဖိလစ်ပိုင်အနေနှင့် အခွင့်အရေးကို ကျူးလွန်ထိပါးခြင်းနှင့် ရန်စခြင်းကို ရပ်စဲရန်နှင့် နိုင်ငံတကာမိသားစုကြီး အထင်လွဲမှားအောင် လုပ်ဆောင်ခြင်းကို ရပ်စဲရန် တရုတ်နိုင်ငံက လှုံ့ဆော် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။