ရှီကျင့်ဖိန်သည် အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပွဲသို့ တက်ရောက်မည်

(GMT+08:00)2024-06-25 12:59:12  

   ယခုနှစ်သည် အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် ဘေကျင်းမြို့၌ သက်ဆိုင်ရာ အထိမ်းအမှတ်ညီလာခံနှင့် အခြား လှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယင်းအထိမ်းအမှတ်ပွဲ သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ထုတ်ပြန်ကြေညာခဲ့သည်။