ဒုတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ တတ်ကျွမ်းမှု စွမ်းရည်ပြိုင်ပွဲကို ချုံချင့်မြို့တွင် စတင်ကျင်းပ

(GMT+08:00)2024-06-25 13:04:09  

ဒုတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာတတ်ကျွမ်းမှုစွမ်းရည်ပြိုင်ပွဲကို ဇွန်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်မြို့တွင် စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ပြိုင်ပွဲတွင် “တတ်ကျွမ်းမှုစွမ်းရည်ပူးပေါင်းဆောင်ရွက်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေး” ဟူသောဆောင်ပုဒ်ဖြင့် အီလက်ထရွန်းနစ် နည်းပညာ၊ သတင်းအချက်အလက်ကွန်ရက် ခင်းထားခြင်း၊ ပန်းမာလာစိုက်ပျိုးပြုစုရေးအတတ်၊ ကျောက်မျက်ရတနာ အချောကိုင်ရေးနှင့်  အွန်လိုင်းရောင်းချရေးစသည့် လုပ်ငန်း ၁၈ခုကို ထားရှိပြီး နိုင်ငံနှင့်ဒေသ ၆၁ခုမှ လက်ရွေးစင်များ၊ ဒိုင်လူကြီးများ၊ နည်းပညာလေ့လာသူများသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကာ နည်းပညာကူးလူးဖလှယ်ခဲ့ ကြပါသည်။