“တောင်ပင်လယ်၏ သမိုင်းကြောင်းနှင့် အချုပ်အခြာအာဏာ”(အင်္ဂလိပ်ဘာသာဖြင့်) တစ်ကမ္ဘာလုံးတွင် ပထမဆုံးအကြိမ် ထုတ်ဝေ

(GMT+08:00)2024-06-25 13:02:50  

ဗြိတိန်နာမည်ကျော် နိုင်ငံတကာဥပဒေ ပညာ ပါမောက္ခ Anthony Carty ရေးသားပြုစု သော “တောင်ပင်လယ်၏ သမိုင်းကြောင်းနှင့် အချုပ်အခြာအာဏာ” စာအုပ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် ၃နိုင်ငံမှ သမိုင်းမှတ်တမ်းတင်ဖိုင်များကို လေ့လာသုံးသပ် ခဲ့ရာ တောင်ပင်လယ်ကျွန်းများ၏ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံမှ ပိုင်ဆိုင်ထားသည် ကို သက်သေပြနေပါသည်။ နိုင်ငံတကာပရိသတ်များသည် တောင်ပင်လယ်၏ သမိုင်းကြောင်း နှင့် ပိုင်ဆိုင်မှုများကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်နိုင်ရန်အတွက် New Star Press သည် “တောင်ပင်လယ်၏ သမိုင်းကြောင်းနှင့် အချုပ်အခြာ အာဏာ” (အင်္ဂလိပ်ဘာသာဖြင့်) ကို ဇွန်လ ၂၀ ရက်နေ့က တရားဝင်ထုတ်ဝေခဲ့ပါသည်။

    တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းများနှင့် သက်ဆိုင်ရာပင်လယ်ရပ်ဝန်းကို အစောဆုံး ရှာဖွေတွေ့ရှိပြီး အမည်ပေးထားကာ ဖော်ထုတ်အသုံးပြုသောနိုင်ငံ ဖြစ်သည့် အပြင် တောင်ပင်လယ်တွင် သမိုင်းဝင်အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ တောင်ပင်လယ်ကျွန်းများ၏ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံမှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပြီး အရင်တုန်းကလည်း ၄င်းအဖြစ်မှန်ကို အနောက်တိုင်းနိုင်ငံများနှင့် ဗီယက်နမ် နိုင်ငံ စသည့်နိုင်ငံများက အသိအမှတ်ပြုခဲ့ကြကြောင်း၊ တောင်ပင်လယ်နှင့်ပတ်သက်သော တရုတ်နိုင်ငံ၏တောင်းဆိုချက်များသည်သမိုင်းအထောက်အထားရှိသည့်အပြင် နိုင်ငံတကာ ဥပဒေအကောင်အထည်ဖော်မှုနှင့်လည်း ကိုက်ညီကြောင်း၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် ၃နိုင်ငံမှ သမိုင်းမှတ်တမ်းဖိုင်များ၌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နန်ဆာကျွန်းစုအပေါ်  ယုံကြည်လက်ခံဖွယ်ရာရှိသော အချုပ်အခြာအာဏာပိုင်ခွင့် မရှိသည်ကို ၎င်းစာအုပ်တွင် သက်သေအဖြစ် ရှင်းရှင်း လင်းလင်း ဖော်ပြ ထားပါသည်။