ယခုနှစ် Hajj ပွဲတော် ကာလအတွင်း သေဆုံးသူ ၁၃၀၁ဦးအထိ ရှိလာသည်ဟု ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဆို

(GMT+08:00)2024-06-25 13:00:43  

ဒေသစံတော်ချိန် ဇွန်လ ၂၃ရက်နေ့က ဆော်ဒီ အာ‌ရေဗျ နိုင်ငံ ကျန်းမာရေးဝန်ကြီးဖာဟယ်တယ်က ယခုနှစ် Hajj ပွဲတော် ကာလအတွင်း သေဆုံးသူ ၁၃၀၁ဦးအထိ ရှိလာပြီး သေဆုံးသူ ၈၃ရာခိုင်နှုန်း ဟာ ခွင့်ပြုချက် မရှိဘဲ ဘုရားသွားဖူးသူများဖြစ်သည်ဟု အင်တာဗျူးရာတွင် ပြောကြားခဲ့ကြောင်း သတင်းအရ သိရ သည်။

ဖာဟယ်တယ်က ခွင့်ပြုချက်မရှိဘဲ Hajj ပွဲတော် သို့ သွားသူများသည် နေပူပူအောက်မှာ အချိန်ကြာရှည်စွာ လမ်းလျှောက်ပြီး အပူဒဏ်ကြောင့် သေဆုံးရ ကြောင်း၊ ဆော်ဒီအာရေဗျသည်  ဘုရားသွားဖူးသူများကို ရောဂါကာကွယ်ရေးဝန်ဆောင်မှု အကြိမ်ပေါင်း ၁သန်း၃သိန်းခန့်နှင့် ကုသရေး ဝန်ဆောင်မှု၄သိန်း၆သောင်း၅ထောင်ကျော် ဆောင်ရွက်ပေးခဲ့ကာ ၎င်းအနက် အကြိမ်၁သိန်း ၄သောင်း ၁ထောင်သည် ခွင့်ပြုချက်မရှိဘဲ ဘုရားသွားဖူးသူအတွက် ဆောင်ရွက်ပေးခဲ့ ခြင်း ဖြစ် ကြောင်း သတင်းအရ သိရပါသည်။