တရုတ်ပြည်လုံးဆိုင်ရာ သိပ္ပံနည်းပညာညီလာခံ၊ နိုင်ငံတော်သိပ္ပံနည်းပညာ ဆုချီးမြှင့်ပွဲ၊ တရုတ်သိပ္ပံနည်းပညာ အကယ်ဒမီအသင်းဝင်များနှင့် တရုတ်အင်ဂျင်နီယာအကယ်ဒမီ အသင်းဝင်များညီလာခံ ကျင်းပ

(GMT+08:00)2024-06-24 15:23:20  

တရုတ်ပြည်လုံးဆိုင်ရာ သိပ္ပံနည်းပညာညီလာခံ၊ နိုင်ငံတော်သိပ္ပံနည်းပညာဆုချီးမြှင့်ပွဲ၊ တရုတ်သိပ္ပံနည်းပညာ အကယ်ဒမီအသင်းဝင်များနှင့် တရုတ်အင်ဂျင်နီယာအကယ်ဒမီ အသင်းဝင်များညီလာခံကို ဇွန်လ ၂၄ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့တွင် ကျင်းပခဲ့ ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်အဆင့် အမြင့်ဆုံးသိပ္ပံနည်းပညာဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပါသည်။