ရှီကျင့်ဖိန် သည် ၂၀၂၄ခုနှစ် “Guling ရေစက်” တရုတ်-အမေရိကန်လူငယ်များ ကူးလူးဖလှယ်ရေး ရက်သတ္တပတ်သို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-06-24 15:22:34  

ဇွန်လ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၂၀၂၄ခုနှစ် “Guling ရေစက်” တရုတ်-အမေရိကန်လူငယ်များ ကူးလူးဖလှယ်ရေး ရက်သတ္တပတ်သို့ ဂုဏ်ပြု ကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။
    ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်-အမေရိကန်လုပ်ငန်း ပေါင်းစုံမှ လူငယ်များသည် ဖူကျိုးမြို့တွင် ဆုံစည်းကြပြီး တရုတ်-အမေရိကန်နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဖလှယ်မှုနှင့် နားလည်မှုများ တိုးပွားစေရန် ဝမ်းမြောက် ဝမ်းသာ ဆောင်ရွက်သည်ကို တွေ့မြင်နိုင်ကြောင်း ဖော်ပြထားပါသည်။
    သမ္မတ ရှီကျင့်ဖိန် က လူငယ်များသည် စိတ်အားထက်သန်မှုနှင့် အိပ်မက် အပြည့်ရှိကြ ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၏ အနာဂတ်မှာ လူငယ်များတွင် တည်ရှိကြောင်း၊ ခင်ဗျာတို့အား နက်ရှိုင်းစွာ ကူးလူးဖလှယ်ပြီး ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်၊ အချင်းချင်း သိရှိနားလည်ပြီး အချင်းချင်းခင်မင်ရင်းနှီးလာကာ လက်တွဲကြိုးပမ်းဆောင်ရွက်၍ တရုတ်-အမေရိကန်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းရန်၊ တရုတ်-အမေရိကန်ဆက်ဆံရေး ခြေလှမ်း မှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးပြုစွမ်းဆောင်ရန်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများနှင့် အတူ ငြိမ်းချမ်းရေးကို အတူတကွတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တွန်းအားပေးကာ စည်ပင်သာယာရေးကို အတူတကွဖန်တီးရန် မျှော်လင့်ကြောင်း အလေးထားဖော်ပြထားပါသည်။