မကာအိုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးသည် နိုင်ငံခြား သံတမန်များကို စည်းရုံးပြီး ကျဲ့ကျန်းပြည်နယ်သို့ ခရီးလှည့်လည်

(GMT+08:00)2024-06-24 12:50:44  

မကာအိုအထူးအုပ်ချုပ်ရေးဒေသဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကော်မရှင်နာရုံးမှ သတင်းအရ ယခုတလော ကော်မရှင်နာရုံးသည် မကာအို၊ ဟောင်ကောင်ဆိုင်ရာ နိုင်ငံ ၁၅နိုင်ငံမှ ကောင်စစ်ဝန်ချုပ်များ နှင့် ကောင်စစ်ဝန်သံတမန်များအား စည်းရုံးပြီး ကျဲ့ကျန်းပြည်နယ် ဟန်ကျိုး၊ ဟူကျိုး နှင့် ယိဝူးသို့ ခရီးလှည့်လည်ကာ ကျဲ့ကျန်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအောင်ကျိုးရလဒ်များကို ပြသခဲ့ကြောင်း၊ နိုင်ငံ အသီးသီးမှသံတမန်များက ယခုအကြိမ်ခရီးစဉ်တွင် အသီးအပွင့်များစွာရရှိပြီး မိမိနိုင်ငံနှင့် တရုတ်အကြား ကူးလူးဖလယ်ရေးနှင့်ချစ်ကြည်ရေးကို တစ်ဆင့်တိုးမြှင့်တင်၍ စီးပွား ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ ပညာရေး နှင့် ယဉ်ကျေးမှုခရီးသွားလာရေးစသော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြ ကြောင်း သတင်းရရှိပါသည်။