ရုရှားက မြောက်ကိုရီးယားအား တိကျမှု မြင့်မားသော လက်နက်များထောက်ပံ့ပါက၊ ယူကရိန်းအား တောင်ကိုရီးယားမှ အကူအညီများကို ကန့်သတ်ချက်ရှိမည်မဟုတ်ကြောင်း တောင်ကိုရီးယား အရာရှိ ဆို

(GMT+08:00)2024-06-24 12:50:21  

တောင်ကိုရီးယား သမ္မတရုံး၏ အမျိုးသားလုံခြုံရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် ကျန်ဟူကျိန့်က  ရုရှားနိုင်ငံကမြောက်ကိုရီးယားနိုင်ငံအား တိကျမှု မြင့်မားသော လက်နက်များ ထောက်ပံ့ပေး ပါက၊ တောင်ကိုရီးယားနိုင်ငံမှ ယူကရိန်းနိုင်ငံအား အကူအညီများကို ကန့်သတ်ချက်ရှိ မည်မဟုတ်ကြောင်း ယခုလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာနမှ ဖော်ပြချက်အရသိရပါသည်။

ပြီးခဲ့သည့်နှစ်များက တောင်ကိုရီးယားသည် အမေရိကန်ဦးဆောင်သော ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်သည့်အပြင် ယူကရိန်းအား လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးခဲ့ရုံသာမက၊ ယူကရိန်းအား စစ်ရေးအကူအညီပေး သည့် ပိုလန်နိုင်ငံသို့လည်း လက်နက်များတင်ပို့ရောင်းချခဲ့သော်လည်း ယူကရိန်းအား လက်နက်များကို တိုက်ရိုက်ထောက်ပံ့ပေးခြင်းမရှိသေးကြောင်း သိရပါသည်။