“ပင်လယ် ရေပေါ်စိုက်ခင်း”၌ စနစ်တကျစိုက်ပျိုးပြီး အလုပ်များလျက်ရှိ

(GMT+08:00)2024-06-24 12:51:04  

 ဖူကျန့်ပြည်နယ် နင်တယ်မြို့ Xiapuခရိုင်ပင်လယ်ရပ်ဝန်းရှိ အဏ္ဏဝါမွေးမြူရေးစခန်း၌ ပင်လယ်ရေပေါ် စိုက်ပျိုးရေးလုပ်ငန်းများ အလုပ်များနေသောမြင်ကွင်းကို တွေ့ရပါသည်။ ယခုနှစ်များတွင် Xiapuခရိုင်သည် အဏ္ဏဝါစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အဏ္ဏဝါမွေးမြူရေးကို အားကောင်းစွာတိုးချဲ့ဆောင်ရွက်ကြောင်း၊ ပင်လယ်ကမ်းခြေ၊ ကမ်းရိုးတန်း နှင့် ကျွန်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ကြောင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တည်းခိုခန်းစသော ကမ်းရိုးတန်းခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ကြောင်း၊ ကျေးလက်ဒေသပြန်လည်ရှင်သန်စေရန် ဘဏ္ဍာရေးနှင့်အခွန်ကောက်ခံရေး ဝန်ဆောင်မှုကို ဆန်းသစ်တီထွင်ကြောင်း၊ ခရိုင်စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဖန်တီးကြောင်း သတင်းရရှိပါသည်။