တရုတ် နိုင်ငံ ဒေသများစွာတွင် စက်မှုလုပ်ငန်း ပစ္စည်း ကိရိယာများ အသစ်လဲခြင်းကို အရှိန်မြှင့် တွန်းအားပေး

(GMT+08:00)2024-06-24 12:49:37  

ယခု တရုတ် နိုင်ငံ ပြည်နယ် ၂၄ခုသည် စက်မှုလုပ်ငန်း နယ်ပယ်တွင် စက်ကိရိယာ ပစ္စည်းများ အသစ်လဲခြင်း အရှိန်မြှင့် တွန်းအားပေးရေး ဆိုင်ရာ တိကျသည့် လက်တွေ့ဖော်ဆောင်ရေး ဆောင်ရွက်ချက်များကို ထုတ်ပြန်ခဲ့ပြီး ဘဏ္ဍာရေး၊ အခွန်နှင့် ငွေရေးကြေးရေး ဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် လုပ်ငန်းကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု စက်ကိရိယာ ပစ္စည်းများ အရှိန်မြှင့် အသစ်လဲခြင်းကို ကူညီပံ့ပိုးနေကြောင်း၊ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် လုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၇ခုနှစ်တွင် အတိုင်းအတာ အသင့်အတင့် ရှိသည့် လုပ်ငန်းကုမ္ပဏီများ၏ ဒီဂျစ်တယ် နည်းပညာဖြင့် တီထွင်ဖော်ထုတ်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်း ကိရိယာများ၏ အသုံးပြုမှုနှုန်းကို ရာခိုင်နှုန်း ၉၀ကျော် အထိ တိုးမြှင့်နိုင်ရန် အားထုတ်ကြိုးပမ်းမည်ဟု ပြောကြားကြောင်း သတင်းအရ သိရပါသည်။