အကြိမ် ၃၀မြောက် ပေကျင်း နိုင်ငံတကာ စာအုပ် ကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00)2024-06-24 12:50:05  

အကြိမ် ၃၀မြောက် ပေကျင်း နိုင်ငံတကာ စာအုပ် ကုန်စည်ပြပွဲကို ၅ရက်ကြာ ကျင်းပပြီး ယခုလ၂၃ရက်နေ့ ညနေပိုင်းက ပြီးစီးခဲ့ကြောင်း၊ ပဏာမ စာရင်းအရ တရုတ် ပြည်တွင်းပြည်ပ မူပိုင်ခွင့် ကုန်သွယ်ရေး သဘောတူ စာချုပ် ၂၁၀၀ကို ရရှိခဲ့ကြောင်း သိရပါသည်။

ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး နိုင်ငံတကာ စာအုပ် ကုန်စည်ပြပွဲ ဖြစ်သည့်အနေဖြင့် ယခုအကြိမ် ပေကျင်း နိုင်ငံတကာ စာအုပ် ကုန်စည်ပြပွဲတွင် အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ပြီး နိုင်ငံနှင့် ဒေသ ၇၁ခုမှ  လုပ်ငန်းကုမ္ပဏီ ၁၆၀၀နှင့် စာအုပ်ပေါင်း ၂သိန်း၂သောင်း  ပါဝင်ပြသခဲ့ကြောင်း၊ ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှု ၁ထောင်ကျော်ကို ကျင်းပပြီး စုစုပေါင်း ပရိသတ် ဦးရေ ၃သိန်းခန့် ရှိကြောင်း သိရပါသည်။