ဂျပန်လူထုအမြင်စစ်တမ်း- ဖြေဆိုသူ ၁၀ ရာခိုင်နှုန်း ကသာ ဝန်ကြီးချုပ် Fumio Kishida ဆက်လက် တာဝန် ထမ်းဆောင်ရန် မျှော်လင့်

(GMT+08:00)2024-06-24 10:33:39  

ဒေသစံတော်ချိန် ဇွန်လ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့ တွင် ဂျပန် ကျိုဒိုသတင်းဌာန ပြုလုပ်ခဲ့သော ဂျပန် တစ်နိုင်ငံလုံးဆိုင်ရာ တယ်လီဖုန်းဖြင့် လူထုသဘောထား စစ်တမ်း၏ ရလဒ်အရ "ဝန်ကြီးချုပ် Fumio Kishida သည် အချိန်ဘယ်လောက်ကြာကြာ ဆက်လက် တာဝန် ထမ်းဆောင်ရန် မျှော်လင့်ထားသနည်း" ဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေဆိုသူ ၁၀.၄ ရာခိုင်နှုန်းကသာ စက်တင်ဘာလတွင် ကျင်းပမည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၎င်းအား “ဆက်လက် အရွေးခံရပြီး တာဝန်ထမ်းဆောင်”ရန် မျှော်လင့်ကြောင်း ဖော်ပြထားကြောင်း၊ ဖြေဆိုသူ ၃၆.၆ ရာခိုင်နှုန်းကတော့ ၎င်းအား “အမြန်ဆုံး ရာထူးမှ နှုတ်ထွက်” ရန် မျှော်လင့်ကြကြောင်း ကျိုဒိုသတင်းဌာနမှ သတင်းအရ သိရပါသည်။ အဆိုပါစစ်တမ်းအရ  Kishida  ကက်ဘိနက်အဖွဲ့၏ ထောက်ခံမှုနှုန်းမှာ ၂၂.၂ ရာခိုင်နှုန်းဖြစ်ပြီး မထောက်ခံမှုနှုန်းမှာ ၆၂.၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။