ယွင်မုန် ခရိုင်တွင် လယ်သမားများသည် နံနက်အစောပိုင်းနှင့် ညအချိန်တွင် ဆိုယာပဲနုများကို ခူးဆွတ်

(GMT+08:00)2024-06-24 10:34:01  

ဇွန်လ ၂၃ ရက်နေ့က ဟူပေပြည်နယ် ယွင်မုန် ခရိုင်တွင် လယ်သမားများသည် ဆိုယာပဲ စိုက်ခင်းတွင် ဆိုယာပဲနုများကို ခူးဆွတ်နေပါသည်။ အပိုအဖတ်များ ဖယ်ရှားခြင်း၊ သန့်ရှင်းခြင်းနှင့် အကြီးအငယ် ခွဲခြားခြင်းများ ပြုလုပ်ပြီးနောက် ဝူဟန့်၊ ကျင့်ကျိုး၊ ဘေကျင်း၊ ကွမ်ကျိုး စသည့်မြို့များသို့ ရောင်းချမည် ဖြစ်သည်။ ယွင်မုန် ခရိုင်သည် ဟူပေ ပြည်နယ်၏ အရေးကြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့် ခရိုင်နှင့် နိုင်ငံအဆင့် သြဂဲနစ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသော စံပြ ခရိုင် ဖြစ်သည်။ ဆိုယာပဲ စိုက်ခင်း ဧရိယာမှာ တရုတ် ဧက ၄ သောင်း ရှိကာ တန်ချိန် ၁ သိန်း ထုတ်လုပ်နိုင်သည်။ ယခုအချိန်သည် ဆိုယာပဲ ခူးဆွတ်ချိန် ဖြစ်ပြီး လယ်သမားများသည် ပူပြင်းသော အချိန်များကို ရှောင်လွှဲပြီး နံနက်အစောပိုင်းနှင့် ညအချိန်ကို ထိထိမိမိအသုံးပြု၍ ဆိုယာပဲများ ခူးဆွတ်ကြပါသည်။