“ထိုင်ဝမ် သီးခြားတည်ရှိရေး သမားများရဲ့ အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိမှု ပြုခြင်းနှင့် အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိစေရန် လှုံ့ဆော်ခြင်း ပြစ်မှု ကျူးလွန်မှုများအား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးခြင်းဆိုင်ရာ အကြံပေးချက်”သည် အချက် ၃ခုကို ပြသနေ

(GMT+08:00)2024-06-23 13:27:27  

ယခုလ ၂၁ရက်နေ့က တရုတ်ပြည်သူ့ တရားရုံးချုပ်၊ တရုတ်ပြည်သူ့ ရှေ့နေချုပ်ရုံး၊ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီး ဌာနတို့သည် “ထိုင်ဝမ် သီးခြားတည်ရှိရေး သမားများ၏ အမိနိုင်ငံ၏ နယ်မြေကို ခွဲခြား တည်ရှိမှုပြုခြင်းနှင့် အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိစေရန် လှုံ့ဆော်ခြင်း ပြစ်မှု ကျူးလွန်မှုများအား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးခြင်းဆိုင်ရာ အကြံပေးချက်” ကို ပူးတွဲ ထုတ်ပြန်ကျင့်သုံးခဲ့ကြပါသည်။ ယင်းသည် ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အား အပေါ် တရုတ် နိုင်ငံမှ ထုတ်ပြန်ကျင့်သုံးသော အပြင်းထန်ဆုံး ဆောင်ရွက်ချက်များတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း နိုင်ငံတကာ သဘောထားက ဖော်ပြကြပါသည်။

ရာဇဝတ်မှု တရားရေး နည်းလမ်းဖြင့် အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိမှုပြုခြင်း  ပြစ်မှု ကျူးလွန်သူများအား အရေးယူ အပြစ်ပေးပြီး နိုင်ငံတော်၏ အဓိက အကျဆုံးသော အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ခြင်းသည် ကမ္ဘာပေါ်တွင် နိုင်ငံ အသီးသီးတို့၏ လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ် နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်၍ ထိုင်ဝမ် သီးခြားတည်ရှိရေး သမားများ၏ အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိမှုပြုခြင်းနှင့် အမိနိုင်ငံ၏ နယ်မြေကို ခွဲခြားတည်ရှိစေရန် လှုံ့ဆော်ခြင်း ပြစ်မှု ကျူးလွန်မှုများအား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးခြင်းသည် တရားဝင်ပြီး ကျိုးကြောင်းဆီလျော်ကာ တရုတ် နိုင်ငံ အနေနှင့် နိုင်ငံတော် အချုပ်အခြာ အာဏာ၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် ပြုလုပ်သင့်သည့် ဆောင်ရွက်ချက် ဖြစ်ပါသည်။

ပထမအချက်က ယင်းအကြံပေးချက်ကို ထုတ်ပြန်ကျင့်သုံးခြင်းသည် ထိုင်ဝမ် သီးခြားတည်ရှိရေးနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် တရုတ် ပြည်မကြီး၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုနှင့် အားကောင်းသော စွမ်းဆောင်ရည်ကို ပြသနေပါသည်။ ဒုတိယ အချက် ကတော့ ယင်းအကြံပေးချက်သည် ထိုင်ဝမ် လူထုများကို ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ခေါင်းမာသော ထိုင်ဝမ် သီးခြား တည်ရှိရေး သမား အနည်းစုနှင့် ၄င်းတို့၏ ခွဲခြားတည်ရှိရေး လှုပ်ရှားမှုများကို ရည်ရွယ်ထားခြင်းပင် ဖြစ်ပါသည်။ တတိယ အချက်က ပိုမို ကျယ်ပြန့်သည့် ရှုထောင့်မှ ကြည့်လျှင် “ထိုင်ဝမ် သီးခြား တည်ရှိရေး သမားများကို ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် တာဝန်သိမှုရှိသော ဆောင်ရွက်ချက်လည်း ဖြစ်ပါသည်။

ထိုင်ဝမ် သီးခြားတည်ရှိရေး သမားများသည် အခြေအနေကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး ခွဲခြားတည်ရှိရေး လှုပ်ရှားမှုများကို ချက်ချင်း ရပ်စဲသင့်သည်။ တရုတ် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို စိန်ခေါ်ရန် ကြံစည်သည့် ဆောင်ရွက်မှု မှန်သမျှသည် အလကားပင် ဖြစ်မည်မှာ မုချမလွဲဖြစ်ပြီး ဥပဒေနှင့် အညီ အရေးယူမှု ခံရလိမ့်မည် ဖြစ်သည်။