အာဂျင်တီးနားနိုင်ငံမှ ပထမဆုံး Cretaceous ဥယျာဉ်ဖွင့်လှစ်၊ ထိန်းသိမ်းထားသည့် ဒိုင်နိုဆော ခြေရာ ၄၀၀ ကျော်ရှိ

(GMT+08:00)2024-06-23 10:03:23  

ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၏ ပထမဆုံး Cretaceous မြူနီစီပယ်ဥယျာဉ်ကို Mendoza ပြည်နယ် Marague မြို့တွင် ဖွင့်လှစ်လိုက်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် သိပ္ပံပညာ ပျံ့နှံ့မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း အာဂျင်တီးနား အမျိုးသားသိပ္ပံနှင့်နည်းပညာ သုတေသနဌာနက ဖော်ပြခဲ့ပါသည်။

အဆိုပါဥယျာဉ်သည် ဧရိယာ  ဟက်တာ ၇၀၀ ကျယ်ဝန်းပြီး၊   နှစ် ပေါင်း ၇၂ သန်း မှ သန်း ၈၀ အထိ အချိန်ရှည်ကြာခဲ့သော titanosaur နှင့် theropod ဒိုင်နိုဆော ခြေရာ ၄၀၀ ကျော် ကို ထိန်းသိမ်းထားကာ၊ နိုင်ငံတကာ သိပ္ပံပညာ သုတေသနပြုရန် တန်ဖိုးရှိသည်ဟု သတင်းအရ သိရပါသည်။