ပန်းသီးအရသာ ငှက်ပျောသီးများ ရိတ်သိမ်းရန် အလုပ်များနေ

(GMT+08:00)2024-06-23 09:59:58  

မကြာသေးမီက ကွမ်ကျိုးမြို့ Zengcheng မြို့နယ်သည် ပန်းသီးအရသာ ငှက်ပျောသီးများ ရိတ်သိမ်းရာသီကို စတင်ခဲ့သည်။ ပန်းသီးအရသာငှက်ပျောသီးသည် ပန်းသီးအရသာရှိသောကြောင့် မကြာသေးမီနှစ်များအတွင်း ဈေးကွက်တွင် အလွန်ရေပန်းစားလာခဲ့သည်။ ငှက်ပျောသည် တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်တွင် အရေးပါသော စီးပွားရေး သီးနှံ တစ်မျိုးဖြစ်ပြီး ငှက်ပျောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အမျိုးအစားသစ်များစွာ တဖြည်းဖြည်း ထွက် ပေါ်လာပြီး ပန်းသီးအရသာငှက်ပျောသီးသည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။