ချုံချင့်မြို့ရှိ “ကုန်းပိုးခြင်းတောင်းသီးသန့်လိုင်း”မှာ “ကုန်းပိုးခြင်းတောင်း ဟင်းသီးဟင်းရွက် ဈေး” ဖွင့်လှစ်

(GMT+08:00)2024-06-23 13:30:47  

ယခုလ ၂၂ရက်နေ့က ချုံချင့်ရထားလမ်း အမှတ် (၄) လမ်းကြောင်း ရှီချွမ်ဘူတာရဲ့ ဝင်ပေါက်မှာ ဟင်းရွက်စိုက်တောင်သူများဟာ ဘူတာဝင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ ရထားလမ်း အမှတ် (၄) လမ်းကြောင်းဟာ ယွီပေ ခရိုင် ရှီချွမ် မြို့နယ်နဲ့ ချုံချင့်မြို့ အကြား ဆက်စပ်ပေးပြီး စုစုပေါင်း ၄၈.၅ ကီလိုမီတာ ရှည်လျားပါတယ်။ နေ့စဉ်နေ့တိုင်း နံနက်ပိုင်းမှာ ရှီချွမ်မြို့နယ်မှ ဟင်းရွက်စိုက်တောင်သူများဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ထည့်ထားတဲ့ ကုန်းပိုးခြင်းတောင်းတွေကို ကုန်းပိုးထားပြီး အမှတ် (၄) လိုင်း ရထားကို စီးကာ ချုံချင့်မြို့ကို သွားရောက် ရောင်းချလေ့ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ဒီမြေအောက်ရထားလမ်း ကိုလည်း လူတွေကချစ်စနိုးနဲ့ “ကုန်းပိုးခြင်းတောင်းသီးသန့်လိုင်း”လို့ ခေါ်ကြပါတယ်။ မကြာခင်က ဒေသခံ အစိုးရဟာ ဟုန်ထူဒီ ဘူတာ အနီးရှိ လေကြောင်းရန် ကာကွယ်တဲ့ ဗုံးခိုကျင်းဟောင်း တစ်ခုမှာ တောင်သူများ အတွက် ဆောင်းရာသီ မအေး၊ နွေရာသီ မပူတဲ့ မိုးဒဏ်လေဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အခမဲ့ “ကုန်းပိုးခြင်းတောင်း ဟင်းသီးဟင်းရွက် ဈေး”တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။