ရှီကျင့်ဖိန်မှ ၂၀၂၄ခုနှစ် ကမ္ဘာ့ စမတ်လုပ်ငန်း ကုန်စည်ပြပွဲသို့ ပေးပို့သော ဂုဏ်ပြုကြောင်း သဝဏ်လွှာသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ ကောင်းမွန်သော တုံ့ပြန်မှု ရရှိ

(GMT+08:00)2024-06-22 11:24:13  

ယခုလ ၂၀ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ခုနှစ် ကမ္ဘာ့ စမတ်လုပ်ငန်း ကုန်စည်ပြပွဲထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ တက်ကြွကောင်းမွန်သော တုံ့ပြန်မှုကို ရရှိ ခဲ့ ပါသည်။

   သက်ဆိုင်ရာ ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန်သည် ၄င်းသဝဏ်လွှာတွင် လက်ရှိ သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် စက်မှုလုပ်ငန်း တော်လှန်ရေးတွင် ဥာဏ်ရည်တု၏ အရေးကြီးသည့် အခန်းကဏ္ဍကို ရှင်းလင်းဖော်ပြပြီး ဥာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံ ခန့်ခွဲမှု ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေး အတွက် ဖြစ်ဖြစ်၊ ဥာဏ်ရည်တု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး အတွက် ဖြစ်ဖြစ်၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက် ဖြစ်ဖြစ်၊ နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ချမ်းသာသုခကို တိုးပွားစေရေး အတွက် ဖြစ်ဖြစ် ဦးတည်ချက်ကို ညွှန်ပြပေးနေကြောင်း ဖော်ပြခဲ့ကြပါသည်။