မြောက်ကိုရီးယားစစ်သားများသည် ယခုလအတွင်း နယ်စပ်ကို ၃ ကြိမ် ဖြတ်ကျော်ကာ တောင်ကိုရီးယား ဘက်မှ သတိပေး ပစ်ခတ်ခြင်း ခံခဲ့ရ

(GMT+08:00)2024-06-22 15:26:15  

ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က မြောက်ကိုရီးယား စစ်သားများသည် အစောင့် အကြပ် ထူထပ်သော နယ်စပ်မျဉ်းကို ခေတ္တဖြတ်ကျော်ပြီးနောက် တောင်ကိုရီးယား စစ်တပ်က သတိပေး ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ခဲ့ပါသည်။ ယင်းသည် ယခုလအတွင်း မြောက်ကိုရီးယား စစ်သားများက တတိယအကြိမ် နယ်စပ်ဖြတ်ကျော်ခြင်းဖြစ်ပါသည်။