၁၄၂ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးပေါင်းကင်းလှည့်ရေး တရား ဥပဒေ စိုးမိုးရေး လှုပ်ရှားမှု အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-06-22 15:19:45  

ဇွန်လ ၂၁ရက်နေ့နံနက်ပိုင်းက တရုတ်ဥပဒေစိုးမိုးရေးသင်္ဘော အမှတ် ၅၃၁၀၇ နှင့် အမှတ် ၅၃၁၀၁တို့သည် ချောမောစွာပြန်လည်ရောက်ရှိပြီး တရုတ် ရှစ်ဆောင်ပဏ္ဏား Jingha၊ ဂွမ်းလေ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခဲ့ကြောင်း၊ ယင်းသည် ၁၄၂ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးပေါင်းကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှု အောင်မြင်စွာ ပြီးမြောက်သည်ဟု ဖော်ပြနေသည်။

၃၇ကြိမ်မြောက် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ရောက်တော့မည့် အခါသမယတွင် အဆိုပါလေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများသည် လာအိုနိုင်ငံ Muang Mo၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ မိတ်ဆက်ဖြန့်ချိရေး လှုပ်ရှားမှုများကို စတင်ကျင်းပခဲ့ပါသည်။