လီချန်သည် ၁၅ကြိမ်မြောက် နွေရာသီ ဒါဗိုစ် ဖိုရမ်သို့ တက်ရောက်မည်

(GMT+08:00)2024-06-22 11:23:07  

  တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ယခုလ ၂၅ရက်နေ့တွင် တရုတ် နိုင်ငံ တာ့လျန်၌ ကျင်းပမည့် ၁၅ကြိမ်မြောက် နွေရာသီ ဒါဗိုစ် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီချန်သည် ဖိုရမ်တွင် အထူး အမှာစကား ပြောကြားပြီး ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ Klaus Schwabနှင့် နိုင်ငံခြား ဧည့်သည်တော်များနှင့် တွေ့ဆုံနှုတ်ဆက်ပြီး နိုင်ငံခြား စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး လောကမှ ကိုယ်စားလှယ်များနှင့် နှီးနှောဖလှယ် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းအရ သိရပါသည်။

ပိုလန်နိုင်ငံ သမ္မတ Andrzej Duda၊ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Phạm Minh Chính တို့သည် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ ၈၀ နီးပါးမှ နိုင်ငံ‌ရေး၊ စီးပွားကုန်သွယ်ရေး၊ ပညာရှင်နှင့် မီဒီယာ လောကများမှ ကိုယ်စားလှယ် ၁၆၀၀ကျော်သည် ဖိုရမ်သို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရပါသည်။