တရုတ်-နိုင်ဂျီးရီးယား အစိုးရကြား ကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-06-22 15:23:41  

ဇွန်လ ၂၁ ရက်နေ့က တရုတ်-နိုင်ဂျီးရီးယားအစိုးရကြား ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး Tugar နှင့် အစည်းအဝေးသို့ တက်ရောက်ကြပြီး၊ နှစ်နိုင်ငံ၏ နိုင်ငံရေး နှင့် သံတမန်ရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီများမှ အစီရင်ခံစာများကို ကြားနာပြီး နယ်ပယ်အသီးသီး၌ နှစ်ဖက်တို့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကို  စီစဉ် ပေးခဲ့ကြပါသည်။