မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးဇုန်ကို တည်ဆောက်ရမည်ဟု ရှီကျင့်ဖိန်က နင်ရှ၌ လေ့လာ ကြည့်ရှုစဉ် ပြောကြား

(GMT+08:00)2024-06-21 14:50:24  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက နင်ရှ ဟွေလူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ၌ လေ့လာကြည့်ရှုခဲ့ရာတွင် နင်ရှဒေသသည် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ပြီး တည်ငြိမ်မှု ထဲတွင် တိုးတက်မှု ရှာကြံခြင်း ဖြစ်သည့် အခြေခံမူကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ တရုတ် အမျိုးသား အသိုက် အဝန်း အသိစိတ်ဓာတ် ခိုင်ခံ့စေရေးကို အဓိကအဖြစ် ထားပြီး မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးဇုန် တည်ဆောက်ခြင်းကို ဆွဲငင်အားအဖြစ် ထားကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး၊ ပြုပြင် ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချပြုလုပ်ရေးနှင့် တိုးချဲ့ရေး၊ အမျိုးအစားသစ် မြို့ပြ တည်ဆောက်ရေးနှင့် ကျေးလက်ရှင်သန်ရေး၊ တိုင်းရင်းသား လူမျိုးစုများ စည်းလုံး ညီညွတ်ရေးနှင့် အတူချမ်းသာရေး စသည့် လုပ်ငန်းများကို တစ်ပြေးညီ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ စည်ပင်သာယာသော၊ စည်းလုံးညီညွတ်သော၊ ပတ်ဝန်းကျင် လှပသော၊ ပြည်သူများ ချမ်းသာသော သာယာသည့် နင်ရှဒေသကို လျင်မြန်စွာ တည်ဆောက်ရမည် ဖြစ်ပြီး နင်ရှဒေသ၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။