ကွေ့ကျိုးပြည်နယ်ရှိ ဟွမ်ကိုရှု ရေတံခွန်သည် ၂၀၂၄ ခုနှစ် ရေလွှမ်းမိုးမှုရာသီတွင် ရေစီးပမာဏ အများဆုံး ဖြစ်

(GMT+08:00)2024-06-21 15:00:37  

ဇွန်လ ၂၀ ရက်နေ့က ကွေ့ကျိုးပြည်နယ်၊ အန်းရွှင့်မြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုနှင့် အထက်ပိုင်းမှ ရေဒဏ်များ ခံရသောကြောင့် ဟွမ်ကိုရှု ရေတံခွန်သည် ၂၀၂၄ခုနှစ် ရေလွှမ်းမိုးမှုရာသီတွင် ရေစီးပမာဏ အများဆုံး ဖြစ်လာ ပါသည်။ အန်းရွှင့်မြို့ ဇလဗေဒနှင့် ရေအရင်းအမြစ် ဌာန မှ တိုင်းတာသည့် အချက်အလက်များအရ ဟွမ်ကိုရှု ရေတံခွန်သည် တစ်စက္ကန့်လျှင် ၃၈၁ ကုဗမီတာအထိ စီးဆင်း နေသည်ဟု သိရပါသည်။