ဘိုင်ဒင် နှင့် ထရန့် တို့သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ အတွက် အရည်အချင်းပြည့်မီ

(GMT+08:00)2024-06-21 14:59:37  

အမေရိကန်သမ္မတ ဘိုင်ဒင် နှင့် သမ္မတဟောင်း ထရန့် တို့သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ၏ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း Robert Francis Kennedy Jr. သည် ယခုအကြိမ် CNN ဌာန၏ စကားစစ်ထိုးပွဲအတွက် အရည်အချင်းပြည့်မီခြင်းမရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

CNN သည် ဒေသစံတော်ချိန် ဇွန်လ ၂၇ ရက်နေ့တွင် ယခုအကြိမ် သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲအား လက်ခံကျင်းပရန် စီစဉ်ထားပါသည်။ ယခုပြုလုပ်မည့် စကားစစ်ထိုးပွဲသည် ယခင် ဆွေးနွေးပွဲများနှင့်မတူဘဲ  စတူဒီယို ပရိသတ် ရှိမည်မဟုတ်ကြောင်း သတင်းအရ သိရှိရ သည်။