တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲကို ကွေ့လင်မြို့၌ ကျင်းပ

(GMT+08:00)2024-06-21 14:48:51  

တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် စီမံအုပ်ချုပ်မှုဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်နေ့က ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကွေ့လင်မြို့၌ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံ Cyberspace Administration မှ ဒုဥက္ကဋ္ဌ Wang Song က တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်သောလမ်းကြောင်းတစ်ခုသို့ ရောက်ရှိခဲ့ပြီး ပိုမိုအကျိုးရှိသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့ သည်။ သူသည် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ် စီမံအုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း စေရေးအတွက် အကြံပြုချက် (၃) ချက်ကို တင်ပြခဲ့သည်။ ပထမအချက်က  စည်းမျဉ်းများ ချိတ်ဆက်မှုကို အားကောင်းစေပြီး ခေတ်ကာလ၏ အခွင့်အလမ်းများကို အတူတကွ ဆုပ်ကိုင်ခြင်း၊ ဒုတိယအချက်က အေးအတူ ပူအမျှ ဖြစ်ခြင်းကို စွဲကိုင်ပြီး ငြိမ်းချမ်းသော ဆိုက်ဘာစပေ့ကို အတူ တည်ထောင် ခြင်း နှင့် တတိယအချက်က  ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ပြီး တရားမျှတမှုကို အတူ ထိန်းသိမ်း ကာကွယ် ခြင်း တို့ဖြစ်သည်။