ထိုင်းနိုင်ငံသည် BRICS တွင် ပါဝင်ရန် တရားဝင်လျှောက်ထား

(GMT+08:00)2024-06-21 14:58:05  

    

     ထိုင်းနိုင်ငံသည် BRICS တွင် ပါဝင်ရန် တရားဝင်လျှောက်ထားခဲ့သည်ဟု “BRICS သတင်း”ဆိုရှယ်မီဒီယာက ဇွန်လ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

    ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်ပြသော BRICS တွင် ပါဝင်ရန် အဆိုပြုချက်မူကြမ်းကို အတည်ပြုခဲ့ရာ BRICS အဖွဲ့ဝင်နိုင်ငံဖြစ်လာလျှင် ထိုင်းနိုင်ငံအတွက် အကျိုးရှိပြီး ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့်နေရာ မြှင့်တင်ရန်အတွက် အကျိုးရှိကာ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုများပြားသော အခွင့်အလမ်းများ ရရှိမည်ဟု ယူဆကြောင်း မေလ ၂၈ ရက်နေ့က ပြောကြားခဲ့ပါသည်။