၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၁၀ကြိမ်မြောက် အစည်းအဝေးကို ယခုလ ၂၅ရက်နေ့မှ ၂၈ရက်နေ့ အထိ ကျင်းပမည်

(GMT+08:00)2024-06-21 14:56:08  

ယခုလ ၂၁ရက်နေ့ နံနက်ပိုင်းတွင် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥပဒေ ရေးရာ လုပ်ငန်း ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဟွမ်ဟိုင်ဟွာက သတင်းစာ ရှင်းလင်းပွဲ၌ ၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၂၆ကြိမ်မြောက် ဥက္ကဋ္ဌများ အစည်းအဝေးတွင် ၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၁၀ကြိမ်မြောက် အစည်းအဝေးကို ယခုလ ၂၅ရက်နေ့မှ ၂၈ရက်နေ့ အထိ ပေကျင်း၌ ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။

    ၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ၁၀ကြိမ်မြောက် အစည်းအဝေးတွင် ရုတ်တရက် ဖြစ်ပွားသည့် အရေးအခင်း ရင်ဆိုင်ဖြေရှင်း စီမံခန့်ခွဲရေး ဥပဒေ မူကြမ်း၊ ကျေးရွာ စုပေါင်း စီးပွားရေး စည်းရုံးမှု ဥပဒေ မူကြမ်း၊ ပြည်ဝင်ပြည်ထွက် ကျန်းမာရေးနှင့် ရောဂါ စစ်ဆေးရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်း၊ ငွေရေးကြေးရေး တည်ငြိမ်စေရေး ဥပဒေ မူကြမ်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်းနှင့် သတ္တုတွင်းထွက်ပစ္စည်း အရင်းအမြစ် ဥပဒေ ပြင်ဆင်ရေး မူကြမ်း စသည့် ဥပဒေ မူကြမ်းများကို စိစစ်မည် ဖြစ်ကြောင်း သိရပါသည်။