ဘင်္ဂလားဒေ့ရှ်တွင် နွားတင်ဆောင်ထားသည့်လှေများ မြစ်အတွင်းဖြတ်သွားစဉ် လူများက နွာများကို ရေနှင့်အစာများ ကျွေး

(GMT+08:00)2024-06-21 14:47:00  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Munshiganj ရှိ Dhaleswari မြစ်တွင် နွားများတင်ဆောင်လာသည့် လှေများ ဖြတ်သန်း သွားလာခဲ့ကြပါသည်။ မြစ်ကမ်းအနီးတွင် နေထိုင်ကြသော ရွာသူရွာသားများသည် လှေပေါ်ရှိ နွားများကို အပူသက်သာရန် ရေနှင့်ပက်ပြီး ရေနှင့် အစာများ ကျွေးခဲ့ကြသည်။ နွေရာသီတွင် ပူပြင်းသောကြောင့် နွားများ အလွန် ရေငတ်တတ် ပါသည်။ နွားများသည် ခရီးဝေးသွား ရမည်ဖြစ်သောကြောင့်  ၎င်းတို့ကို ကျွေးမွေး ပြုစု စောင့်ရှောက် သူများနှင့်အတူ လှေပေါ်တွင် စားကြ အိပ်ကြရမည်ဖြစ်ပါသည်။