ပင်လယ်ပြင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစခန်း တည်ဆောက်မှု အလုပ်များနေသော ဖူကျန့်

(GMT+08:00)2024-06-21 14:58:43  

China Three Gorges Corporation (CTG) Dongshan Xingchen မဂ္ဂါဝပ် ၁၈၀ ပင်လယ်ပြင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစခန်းသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် Dongshan ခရိုင် Xingchen မြို့နယ်၊ Qianlou မြို့နယ် ပင်လယ်ရပ်ဝန်းတွင် တည်ရှိ ပါသည်။ အဆိုပါစီမံကိန်းကို အထက်ပိုင်းက ဆိုလာလျှပ်စစ်ဓာတ်အားပေးရေးနှင့် အောက်ပိုင်းက ပင်လယ်ငါးမွေးမြူရေး ပေါင်းစပ်သော ပုံစံဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ပင်လယ်ရပ်ဝန်းအထွေထွေဖော်ထုတ်မှုကို အကောင်အထည်ဖော်နိုင်ပါသည်။

    အဆိုပါစီမံကိန်းကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ပျမ်းမျှ သန့်ရှင်းသော လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်း ၃၀၀ ထုတ်ပေးနိုင်မည် ဖြစ်ကာ ကျောက်မီးသွေး တန်ချိန် ၉သောင်းကျော်ကို သက်သာစေမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။