၂၀၂၅ ခုနှစ်တွင် တရုတ် တစ်နိုင်ငံလုံး၌ အားသွင်းသည့် အခြေခံအဆောက်အအုံ ၁၂ သန်းခန့် တည်ဆောက်မည်

(GMT+08:00)2024-06-21 14:54:34  

ဇွန်လ ၂၀ ရက်နေ့က ကျင်းပသော နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ "အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်စွမ်းအင်ဌာန မှ ခေါင်းဆောင် Zhang Jianhua က ၂၀၂၅ ခုနှစ် ရောက်လျှင် တရုတ် တစ်နိုင်ငံလုံး၌ အားသွင်းသည့် အခြေခံအဆောက်အအုံ ၁၂ သန်းခန့် တည်ဆောက်မည် ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ရောက်လျှင် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းမှုများဖြင့် terminal စွမ်းအင်သုံးစွဲမှု လျှပ်စစ်မီး အဆင့်ကို ၃၀ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။