တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ် ရှောင်ကျယ်သည် တောင်အာဖရိက သမ္မတ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-06-21 14:43:59  

တောင်အာဖရိက သမ္မတ ရာမာဖိုစာ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရှောင်ကျယ်သည် ဇွန်လ ၁၉ ရက်နေ့က တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပသည့် သမ္မတ ရာမာဖိုစာ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတောအတွင်း သမ္မတ ရာမာဖိုစာသည် ရှောင်ကျယ်နှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှောင်ကျယ်သည် သမ္မတ ရှီကျင့်ဖိန်၏ လှိုက်လှဲစွာ ထောမနာ ပြုခြင်းနှင့် ဆုမွန်ကောင်းတောင်းပေးခြင်း စကားများကို တစ်ဆင့် ပြောကြားခဲ့သည်။ ရှောင်ကျယ်က တရုတ်နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး တောင်အာဖရိက အစိုးရသစ်နှင့် လက်တွဲပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ပေးလိုကြောင်း  ပြောကြား ခဲ့သည်။

  သမ္မတ ရာမာဖိုစာက တောင်အာဖရိက အစိုးရသစ် အနေနှင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး ဆက်ဆံမှု တိုးတက်ရေးကို ဆက်လက် စွဲကိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အဆင့်ဆင့်သော ချစ်ကြည်ရေး ကူးလူးဆက်ဆံမှုကို တိုးချဲ့ရန်၊ နယ်ပယ် အသီးသီးမှ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။