ဂျီလင်မြို့ လမ်းပေါ်တွင် သုံးဘီးတပ် စက်ဘီးများကို တွေ့ရှိ

(GMT+08:00)2024-06-21 10:40:48  

၂၀၂၄ခုနှစ် ဇွန်လ ၁၉ရက်နေ့က ဂျီလင်မြို့ စက်ဘီး ဝါသနာရှင် များသည် နေကာ များ တပ်ဆင်ထားသည့် သုံးဘီးတပ် စက်ဘီးကို စီးပြီး ကျမ်းချိန်တံတားကို ဖြတ်ကျော်ကာ လူများကို ဆွဲဆောင် ခဲ့ ကြသည်။ ယခုနှစ်များတွင် ဂျီလင်မြို့၌ စက်ဘီး ဝါသနာရှင်များသည် စုပေါင်းကာ သုံးဘီးတပ်စက်ဘီးများ စီးကြပြီး  ကျေးရွာများတွင် လည်ပတ်ခြင်းကို အထူးကြိုက်နှစ်သက်ကြ ကြောင်း၊ သုံးဘီးတပ်စက်ဘီးသည် စက်ဘီးတစ်မျိုးဖြစ်ပြီး တာဝေးစက်ဘီး စီး ဝါသနာရှင်များ ၎င်းကို နှစ်သက်ကြ ကြောင်း၊ လူများက ယင်းစက်ဘီး မျိုးသည် သက်တောင့်သက်သာရှိပြီး ပုံမှန်စက်ဘီးကြောင့် ဖြစ်စေနိုင်သည့် ခါးနာခြင်း၊ လည်ပင်းနာခြင်း၊ လက်ကောက်ဝတ်နာကျင် ခြင်းနှင့် အရည်ကြည်ဖုများကို မဖြစ်စေဟု ချီးမွမ်းကြ ကြောင်း သတင်းအရ သိရှိရသည်။