မြစ်ကျဉ်းသုံးနေရာ၌ နွေရာသီ လိမ္မော်သီးများ ခူးဆွတ်ပြီး စတင်ရောင်းချ

(GMT+08:00)2024-06-20 14:13:50  

ယခုအခါတွင် မြစ်ကျဉ်းသုံးနေရာရှိ ဟူပေပြည်နယ် ယီချန်းမြို့ ဇီကွေးခရိုင်၌ နွေရာသီ လိမ္မော်သီးများခူးဆွတ်ပြီး စတင်ရောင်းချနေပါသည်။ ဒေသခံစိုက်ပျိုးရေးသမားများသည် လိမ္မော်သီးများ ခူးဆွတ်မှုနှင့်ရောင်းချမှုအတွက် အလုပ်များနေကြပါသည်။ ယင်းခရိုင်၌ နွေရာသီလိမ္မော်သီးကို တရုတ်ဧက ၃သောင်းကျော်စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် ၇သောင်းကျော် ထွက်ရှိပါသည်။ နွေရာသီလိမ္မော်သီးသည် ဒေသခံစိုက်ပျိုးရေး သမားများအတွက် ဝင်ငွေတိုးပြီး ချမ်းသာစေသော “ရွှေအသီး” ဖြစ်လာပါပြီ။