ဂါဇာတွင် အမေရိကန် တည်ဆောက်သည့် ယာယီ ဆိပ်ကမ်းကို လာမည့်လတွင် ဖြိုဖျက်နိုင်ဖွယ်ရာရှိ

(GMT+08:00)2024-06-20 13:33:48  

ပါလက်စတိုင်း ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အတွက် ဂါဇာ ကမ်းမြောင် အလယ်ပိုင်း ပင်လယ် ကမ်းခြေတွင် အမေရိကန် အစိုးရမှ ကန်ဒေါ်လာ သန်း ၃၀၀ကျော် ကုန်ကျပြီး ၂လကြာ တည်ဆောက်ခဲ့သည့် ယာယီ ဆိပ်ကမ်းကို လာမည့်လတွင် ဖြိုဖျက်နိုင်ဖွယ်ရာရှိကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ အချို့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၄င်းဆိပ်ကမ်းကို မေလ ၁၇ရက်နေ့က တရားဝင် စတင် အသုံးပြုခဲ့ပြီး ၁၀ရက်ခန့်သာ လည်ပတ်နိုင်ခဲ့ကြောင်း၊ အခြားအချိန်များတွင် လေလှိုင်းဒဏ်ကြောင့် ဆိပ်ကမ်း ပျက်စီးသွား၍ ပြင်ဆင်မွမ်းမံခဲ့ရခြင်း ဖြစ်ကြောင်း၊ သို့မဟုတ် လေလှိုင်းဒဏ်ကြောင့် ပျက်စီးခြင်းကို ရှောင်ရှားရန် အတွက် ဆိပ်ကမ်းကို ဖြုတ်ချပြီး အစ္စရေးသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း The New York Timesမှ ယခုလ ၁၈ရက်နေ့က ဖော်ပြခဲ့ပါသည်။