ဖိလစ်ပိုင်အား ၎င်း၏ ချိုးဖောက်မှုနှင့် ရန်စမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-06-20 13:36:51  

ဇွန်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ရာ သတင်းထောက်တစ်ယောက်က Ren'ai Reef ကို ဖိလစ်ပိုင်ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။

Lin Jian က ဖိလစ်ပိုင်သည် တရုတ်နိုင်ငံ၏ တားဆီးမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ နန်စားကျွန်းစုရှိ Ren'ai Reef ကို အတင်းအဓ္ဓမကျူးကျော်ခြင်းသည် ယင်းဖြစ်ရပ်၏ တိုက်ရိုက်အကြောင်းရင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်သင်္ဘောများအား ထောက်ပံ့ရေးပစ္စည်းများ တရားမဝင် ပို့ဆောင်ခြင်းမှ တားဆီးရန် ရည်ရွယ်၍ အခင်းဖြစ်ပွားရာနေရာ၌ ပရော်ဖက်ရှင်နယ်ကျပြီး ဥပဒေစိုးမိုးရေးကို တရုတ်ပင်လယ် ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် စားသုံးမှုပစ္စည်းများ သယ်ယူနေသည်ဟု ထပ်ခါတလဲလဲ ဆိုသော်လည်း အမှန်တကယ်တွင်မူ ဆောက်လုပ်ရေး ပစ္စည်းများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို မှောင်ခိုပို့ဆောင်နေပြီး Ren'ai Reef ကို ရေရှည်သိမ်းပိုက်ရန် ကြံစည်နေကြောင်း၊ ဖိလစ်ပိုင်အား ၎င်း၏ ချိုးဖောက်မှုနှင့် ရန်စမှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။