ခေတ်သစ်တွင် နိုင်ငံရေးအရ တပ်မတော် တည်ဆောက်ရေးဗျူဟာကို ဖော်ဆောင်ပြီး တပ်မတော် အင်အားတောင့်တင်းရေးလုပ်ငန်းအတွက် နိုင်ငံရေး အာမခံချက် ပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-06-20 14:35:17  

   တရုတ်ဗဟိုစစ်ရေးကော်မရှင်၏ နိုင်ငံရေးလုပ်ငန်းအစည်းအဝေးကို ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှန်ရှီးပြည်နယ် ယန်အန်းမြို့၌ ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ၏ တပ်မတော်အပေါ် အပြည့်အဝ ခေါင်းဆောင်မှုကို စွဲကိုင်ရမည် ဖြစ်ပြီး ခေတ်သစ်တွင် နိုင်ငံရေးအရ တပ်မတော် တည်ဆောက်ရေး ဗျူဟာကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တပ်မတော် တည်ဆောက်ခြင်းဆိုင်ရာ ခေတ်လိုအပ်ချက်နှင့်အညီ တပ်မတော် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် ရည်မှန်းချက်များ ဖော်ဆောင်ရန် အားဖြည့် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ခိုင်ခံ့ပြီး စွမ်းရည်အရ ပြည့်စုံအားကောင်းသည့် ပါတီအဖွဲ့စည်းများကို မွေးထုတ်ပြီး သစ္စာရှိသည့်၊ တာဝန်ယူတတ်သည့်၊ လုပ်နည်းလုပ်ဟန် သန့်စင်သည့်၊ တပ်မတော် အင်အား တောင့်တင်ရေး လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်သည့် အရည်အချင်းမြင့် ကေဒါခေါင်းဆောင်များကို မွေးထုတ် ပျိုးထောင်ကာ တပ်မတော်အင်အား တောင့်တင်းရေးလုပ်ငန်းအတွက် အားကောင်းသော နိုင်ငံရေး အာမခံချက်ကို ပေးရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

  ယခုအကြိမ် ဗဟိုစစ်ရေးကော်မရှင်၏ နိုင်ငံရေးလုပ်ငန်းအစည်းအဝေးကို ရှီကျင့်ဖိန် ကိုယ်တိုင် ဆုံးဖြတ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားမှုများ ရည်မှန်းချက်အကြောင်းအရာများကို ဝိုင်းဝန်း ဆွေးနွေးပြီး ခေတ်သစ် ခရီးစဉ်သစ်တွင် နိုင်ငံရေးအရ တပ်မတော် တည်ဆောက်ရေးဆိုင်ရာ အရေးကြီး အကြောင်းအရာများကို လေ့လာဆွေးနွေးစီမံခဲ့ကြပါသည်။