ဟာ့ဂျ် ဘုရားဖူးသူ ၉၀၀ ကျော် သေဆုံး

(GMT+08:00)2024-06-20 16:27:39  

လက်ရှိအချိန်အထိ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ဟာ့ဂျ် ဘုရားဖူးသည့် လှုပ်ရှားမှုတွင် သေဆုံးသူဦးရေ စုစုပေါင်း ၉၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း AFPက နိုင်ငံအသီးသီးမှ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ စာရင်းထုတ်ပြန်ခဲ့သည်။

မကြာခင်ရက်များက ဆော်ဒီအာရေဗျတွင် အပူချိန် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ ဒေသစံတော်ချိန် ၁၇ ရက်နေ့တွင် မက္ကာရှိ Grand Mosque ၏ အပူချိန်မှာ ၅၁.၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း ဆော်ဒီအာရေဗျ အမျိုးသား ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျ အထွေထွေစာရင်းအင်း ဌာနချုပ်မှ စာရင်းအရ ယခုနှစ် ဟာ့ဂျ်ပွဲတော်တွင် လူပေါင်း ၁.၈ သန်းကျော် ပါဝင်ကြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။