ရှီကျင့်ဖိန်သည် နင်ရှ၌ လေ့လာကြည့်ရှု

(GMT+08:00)2024-06-20 18:47:31  

  ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ယင်ချွမ်းမြို့ ကျင်းဖင့် မြို့နယ် ချန်ချင်ဟွာယွမ် လူနေရပ်ကွက်သို့ သွားရောက်ပြီး လူနေရပ်ကွက်များ၏ အခြေခံ ပါတီအဖွဲ့အစည်းများ၏ အကျိုးပြုစွမ်းဆောင်ခြင်း၊ မြို့သူမြို့သားများ နေထိုင်မှုဘဝ အဆင်ပြေစေရေး ဝန်ဆောင်မှုများ ပြုလုပ်ခြင်းနှင့် တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူလူထုများ ကူးလူးဖလှယ်မှု တိုးမြှင့်ခြင်း ဆိုင်ရာ အကြောင်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။