လီချန် နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ တို့သည် တရုတ်-မလေးရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် "တရုတ်-မလေးရှား ချစ်ကြည်ရေးနှစ်" ဧည့်ခံပွဲသို့ တက်ရောက်

(GMT+08:00)2024-06-20 13:42:58  

ဒေသစံတော်ချိန် ဇွန်လ ၁၉ ရက်နေ့ညက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ တို့သည် တရုတ်-မလေးရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် "တရုတ်-မလေးရှား ချစ်ကြည်ရေးနှစ်" ဧည့်ခံပွဲသို့ တက်ရောက်ကြပြီး မိန့်ခွန်း အသီးသီး ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် မလေးရှား အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၅၀၀ ခန့် တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

လီချန်က သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သလို တရုတ်နှင့်မလေးရှား နှစ်နိုင်ငံတို့သည် နှစ် ထောင်ပေါင်းများစွာ ဆက်ဆံမှု ရှိသော အိမ်နီးချင်းကောင်း၊ စိတ်ရင်းနှင့် ဆက်ဆံသော မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန် အကျိုးရှိစေသော မိတ်ဖက်များဖြစ်ကြောင်း၊ တရုတ်-မလေးရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ကြာအချိန်ကို ပြန်ကြည့်လျှင်နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် လွတ်လပ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန် အကျိုးရှိစေရေး၊ အပြန်အလှန် ကူညီရေးနှင့် ပြည်သူချင်း ချစ်ကြည်ရေးကို စွဲကိုင်ထားပြီး ယင်းတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အတွေ့အကြုံများနှင့် အတူတကွ ပိုင်ဆိုင်ထားသော အဖိုးတန်များဖြစ်ကြောင်း ပြောကြားသည်။