ချင်းဟိုင်-ရှီးဇန့်(တိဘက်) ကုန်းပြင်မြင့်ဒေသ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်တိုက် တွန်းအားပေးပြီး ချင်းဟိုင်ဒေသ၏ တရုတ် အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-06-20 15:00:33  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ချင်းဟိုင်ပြည်နယ်၌ လေ့လာကြည့်ရှုရာတွင် ချင်းဟိုင် ပြည်နယ် အနေနှင့် ပါတီဗဟိုကော်မတီ၏ စီမံချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ဘက်စုံ တိကျ မှန်ကန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ချင်းဟိုင် ပြည်နယ်၏ အားသာချက်များကို အပြည့်အဝ အသုံးချပြီး ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ရေးနှင့် တံခါးဖွင့်မှု တိုးချဲ့ရေးတို့ကို စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ကာ ဂေဟစနစ် ဦးစားပေးခြင်း၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ခြင်း၊ တိုင်းရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်ခြင်းနှင့် အတူ ချမ်းသာခြင်းတို့ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ချင်းဟိုင်-ရှီးဇန့်(တိဘက်) ကုန်းပြင်မြင့်ဒေသ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်တိုက် တွန်းအားပေးပြီး ချင်းဟိုင်ဒေသ၏ တရုတ် အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။