အာဆီယံနှင့်အတူ ဒေသတွင်း ငြိမ်းချမ်းရေး ကို တွန်းအားပေးရန် တရုတ်နိုင်ငံက ဆန္ဒရှိဟု ဝမ်ယိဆို

(GMT+08:00)2024-06-20 13:45:00  

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသည် အာဆီယံနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ကာ ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

၎င်းက ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့၌ ကျင်းပသော တရုတ်-အာဆီယံ အနာဂတ် ဆက်ဆံရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

ဝမ်ယိက တရုတ်နှင့် အာဆီယံတို့သည် တူညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် ခေတ်မီရေးဆိုင်ရာ အယူအဆများ ရှိကြောင်း၊ ရင်းနှီးသော အိမ်နီးချင်းကောင်းနှင့် ရေရှည် အပြန်အလှန် ယုံကြည်စိတ် ထားရှိနိုင်သော ဘက်စုံ မဟာဗျူဟာ မိတ်ဖက် အနေနှင့် တရုတ်နိုင်ငံသည် အာဆီယံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ဆက်သွယ်မှုကို အားဖြည့်ရန် ဆန္ဒရှိပြီး အာဆီယံ အသိုက်အဝန်း တည်ဆောက်မှုနှင့် အာဆီယံ၏ ဒေသတွင်း ဗဟိုအချက်အချာ အနေအထားကို  ပြတ်ပြတ်သားသား ထောက်ခံကြောင်း ပြောကြားခဲ့သည်။