Boeing လေယာဉ်ပျက်ကျမှုများတွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များသည် လေယာဉ်ထုတ်လုပ်သူအား ဒေါ်လာ ၂၄.၇၈ ဘီလီယံ ဒဏ်ငွေရိုက်ရန် ကန် တရားရေးဝန်ကြီးဌာနကို တောင်းဆို

(GMT+08:00)2024-06-20 12:03:20  

ဇွန်လ ၁၉ ရက်နေ့က အမေရိကန် Boeing 737 MAX လေယာဉ်ပျက်ကျမှု ၂ခုတွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များသည် လေယာဉ်ထုတ်လုပ်သူအား အမေရိကန် ဒေါ်လာ ၂၄.၇၈ ဘီလီယံ ဒဏ်ငွေရိုက်ရန်၊ ရာဇဝတ်မှုဖြင့် စွဲချက်တင်မှုဖြစ်စဉ်ကို တွန်းအားပေးရန် အမေရိကန်တရားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြပါသည်။
    ၂၀၁၈ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၉ခုနှစ် မတ်လတွင် အင်ဒိုနီးရှား Lion လေကြောင်းကုမ္ပဏီနှင့် အီသီယိုးပီးယားလေကြောင်းကုမ္ပဏီတို့၏ လေယဉ်ပျက်ကျမှုများ တွင် စုစုပေါင်းလူ ၃၄၆ဦး သေဆုံးခဲ့ကြောင်း၊ ပျက်ကျသောလေယာဉ်များသည် Boeing 737 MAX 8 ခရီးသည်တင်လေယာဉ်များ ဖြစ်ကြကြောင်း သတင်းအရ သိရပါသည်။