ရှီကျင့်ဖိန်သည် ရေဘေးကာကွယ်ရေးနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက်များကို ထုတ်ပြန်

(GMT+08:00)2024-06-20 13:54:33  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေဘေးကာကွယ်ရေးနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက် ရေးလုပ်ငန်းဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။

ရှီကျင့်ဖိန်က မကြာမီက တရုတ်နိုင်ငံ တောင်ပိုင်း နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကွမ်တုန်းပြည်နယ်၊ ဖူကျန့်ပြည်နယ် စသည့်နေရာများတွင် ရေကြီးမှုများနှင့် ဘူမိဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး သေကျေဒဏ်ရာ ရ ရှိမှုများနှင့် စီးပွားရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ မြောက်ပိုင်းဒေသအချို့တွင် မိုးခေါင်မှု အခြေအနေ လျင်မြန်စွာဖြစ်ပေါ်နေပြီး တောင်ဘက်တွင် ရေကြီးခြင်းနှင့် မြောက်ဘက်တွင် မိုးခေါင်ခြင်းလက္ခဏာများ ထင်ရှား နေကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ဘေးအန္တရာယ်များကို အစွမ်းကုန် တိုက်ဖျက် ရမည်ဖြစ်ပြီး  ပျောက်ဆုံးနေသူများနှင့် ပိတ်မိနေသူများကို အစွမ်းကုန် ရှာဖွေကယ်ဆယ်ပြီး ဘေးသင့် သူများအား သင့်တော်စွာ နေရာချပေးကာ ပုံမှန် ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုကို အာမခံပေးရမည်ဖြစ်ပြီး ဘေးအန္တရာယ် ကြောင့် ဆုံးရှုံးမှုများကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။